International News

ထိုင်းနိုင်ငံ အစိုးရဌာနဆိုင်ရာများအနေဖြင့် ကျေးလက်ဒေသပြန်လည်ထူထောင်ရေးဆိုင်ရာ စီမံချက်ရေးဆွဲ

Last Updated:

အစိုးရအနေဖြင့်အစိုးရ ဌာနဆိုင်ရာများနှင့် ဆက်စပ်အဖွဲ့အစည်းများအားလုံးကို ပြည်တွင်းစီးပွားရေးပြန်လည်ကောင်းမွန်လာစေရန်အတွက် ၎င်းတို့ကိုယ်တိုင်ရေးဆွဲ သော စီးပွားရေးပြန်လည်နာလန်ထူရေးစီမံချက်များကို ရေးဆွဲရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။၎င်းမှာ ပျက်စီးနေသော စီးပွားရေးကို ပြန်လည်ပြုပြင်ရန် အောက်ခြေ အဆင့်မှ အထက်သို့ ရေးဆွဲတင်ပြသည့် (Buttom UP) အဓိကလမ်းကြောင်းတစ်ခု လည်းဖြစ်ပါသည်။

အစိုးရအနေဖြင့် ပြန်လည်နာလန်ထူရေးစီမံချက်ကို ဇွန်လ (သို့ မဟုတ်) ပိတ်ဆို့ထားမှု Lock down များ ပြန်လည်ရုတ်သိမ်းသည့်အခါတွင် စတင်နိုင်ရန်မျှော်မှန်းထားပြီး ၎င်းကို အစိုးရအဖွဲ့သို့တင်ပြ၍ အတည်ပြုချက် ရယူဆောင်ရွက်လိမ့်မည် ဖြစ်ပါသည်။

ဒုတိယဝန်ကြီးချုပ် ဆုန်ကစ်က အစိုးရအနေဖြင့် ဘတ်ဂျက်ငွေ (၄၀၀) ဘီလီယံတန်ဖိုးရှိ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကယ်ဆယ်ရေးအစီအစဉ်ကို ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းများအတွက် အစိုးရက “အခြေခံစီးပွားရေးပြန်လည်ထူထောင်ရေး Grassroots economic restoration" ဟု ခေါ်ဆိုသော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် စတင်မိတ်ဆက် လွှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်းပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် SMEs များနှင့် ရပ်ရွာအခြေပြုစီးပွားရေးလုပ်ငန်းများကို ကူညီရန်အတွက် စီးပွားရေးဆိုင်ရာပြန်လည်ထူ ထောင်ရေးအစီအစဉ်များကို ရှေ့တန်းတင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အစိုးရအနေဖြင့် ကျေးလက်စီးပွားရေးသည် နိုင်ငံအတွင်းဝယ်ယူနိုင်မှုစွမ်းအားကို မြှင့်တင်နိုင်မည့် မောင်းနှင်အားအသစ် (New Engine) တစ်ခုဖြစ်နိုင်သည်ဟု ယုံကြည်ထားပါ သည်။ အခြေခံနိယာမမှာ စီးပွားရေးတစ်ခုလုံးကို ခိုင်မာအားကောင်းလာစေရန် အောက်ခြေလူ့အဖွဲ့အစည်း၏ ဝယ်ယူ နိုင်စွမ်းအား (Purchasing power) နှင့် ၎င်းတို့၏ ဘဏ္ဍာရေးအခြေအနေကို မြှင့်တင်ပေးရန်ဖြစ်ပါသည်။

ရီးသွားလုပ်ငန်းနှင့် ပို့ကုန်ကဏ္ဍမှာ အားနည်းနေကြောင်းနှင့် ဆက်လက်ကျဆင်းနေသည်ဟု မစ္စတာဆုန်ကစ်ကပြောကြားခဲ့ပါသည်။ ပြန်လည်ထူထောင်ရေး အစီ အစဉ်မှာ အချိန်ယူရမည်ဖြစ်ကြောင်း၊ အကြောင်းမှာ ကဏ္ဍ (၂) ခုရပ်လုံးအနေဖြင့် ပြည်တွင်းအထောက်အပံ့လိုအပ်သကဲ့သို့ နိုင်ငံခြားဈေးကွက်များမှ ဝယ်လိုအားလည်း လိုအပ်သောကြောင့်ဖြစ်ကြောင်း မစ္စတာဆုန်ကစ်ကပြောကြားခဲ့ပါသည်။ ၎င်းက ဆက်လက်၍ လယ်ယာကဏ္ဍသည် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်နှင့် ဖွံ့ဖြိုးတိုး တက်ရန်လည်း လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် လယ်ယာနှင့် လယ်ယာသမဝါယမဘဏ်၊ SMEs ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ထိုင်းဘဏ်နှင့် အစိုးရငွေစုဘဏ်တို့အား လယ်သမားများနှင့် ကျေးလက် စီးပွားရေးလုပ်ငန်းများအား အကူအညီပေးရန် တောင်းဆိုလျှက်ရှိပါသည်။ အစိုးရအေဂျင်စီများအနေဖြင့် လယ်သမားများနှင့် ပြည်နယ်များရှိ ပြည်သူများကို ဘဏ္ဍာရေး ဆိုင်ရာထောက်ပံ့မှု၊ ဈေးကွက်ချဲ့ထွင်မှုလမ်းကြောင်း များနှင့်ပတ်သက်၍ ကူညီရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း အစိုးရ၏စီမံကိန်းများနှင့် ပူးပေါင်းဆောင် ရွက်သင့်ကြောင်း မစ္စတာ ဆုန်ကစ်က ပြောကြားခဲ့ပါသည်။

၎င်းက အစိုးရဌာနများနှင့် အစိုးရအေဂျင်စီများအနေဖြင့် အနာဂတ်စီမံကိန်းများအတွက် အထောက်အကူဖြစ်စေရန် ၎င်းတို့၏ အချက်အလက်ဒေတာစနစ် (Data System) ကို  မြှင့်တင်သင့်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ စက်မှုဝန်ကြီး Suriya Jungrungreangkit က ၎င်း၏ ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရှိလယ်သမားများ၊ SMEs များနှင့် ရပ်ရွာလူထုအခြေပြု စီးပွားရေး လုပ်ငန်းများကို အထောက်အပံ့ပေးရန် ဘတ်ငွေ (၁၀) ဘီလီယံတန်ဖိုးရှိ စီးပွားရေးဆိုင်ရာ ပြန်လည်နာလန်ထူရေး စီမံချက်ကို အဆိုပြု တင်ပြလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါဘတ်ငွေ (၁၀) ဘီလီယံတန်ဖိုးရှိ စီမံကိန်းမှာ မိုးခေါင်မှုနှင့် ကပ်ရောဂါ၏ သက်ရောက်မှု များကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးမငြိမ်မသက်မှုများအပေါ် ဖြေရှင်းနိုင်ရန်ရည်ရွယ်ပါသည်။

စီမံကိန်းသည် စက်မှုမြှင့်တင်ရေး ဉီးစီးဌာနအောက်ရှိ ဈေးကွက်ရှာဖွေရေးနှင့် စီးပွားရေးစီမံခန့်ခွဲမှုတို့၏ စွမ်းဆောင်ရည်အားမြှင့်တင်ရေးရန်၊ ကြွေးမြီပြန်လည်ပေးဆပ်မှု ကို ခေတ္တဆိုင်းငံ့ရန်နှင့် လယ်ယာမြေများအတွက် ရေလှောင်ကန်တည်ဆောက်ခြင်းနှင့် အခကြေးငွေများအား ကင်းလွတ်ခွင့်ပြုပေးရန် တို့ဖြစ်ပါသည်။ အဆိုပါ စီမံကိန်း အရ စက်မှုဝန်ကြီးဌာနသည် ကြံစိုက်လယ်သမားများ (၅,၀၀၀) နှင့် မြေဧရိယာ (၂၀,၀၀၀) ရိုင် (Rai) တို့အတွက် ဘတ်ငွေ (၃၄၀) သန်း၊ မြေဧရိယာ (၂၀,၀၀၀) ပေါ်တွင် အလုပ် သမား (၅၀၀) အတွက် အလုပ်အကိုင်သစ်များ ဖန်တီးပေးမည့် ရေလှောင်ကန်ဟောင်းစီမံကိန်းတို့အား ဖန်တီးပေးလိမ့်မည်ဖြစ်ပါသည်။

ထိုင်းစက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဉက္ကဌ Supant Mongkolsuthree က အဖွဲ့အနေဖြင့်ပြည်တွင်းစီးပွားရေးလုပ်ငန်း  အစီအစဉ်များနှင့်အညီ ပြည်တွင်းစီးပွားရေးကို အထောက်အကူဖြစ်စေရန်အတွက် အွန်လိုင်းဈေးကွက်သစ်တစ်ခုကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source: Bangk Post                                         

Category: International News